မိုင်းယန်း ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ရောဂါဖြစ် ပွားမှုအား တာဆီးကာကွယ်နိုင် စေရန်အတွက် မိုင်းလွေကျေးရွာအုပ်စု နတ်မုတ်ကျေိးရွာသို့ RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေးပေးခဲ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ အတည်ပြုလူနာ(၂)ဦး ထပ်မံစစ်ဆေးတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့အတည်ပြုလူနာများမှာ မြို့နယ်ပြည်သူ့ဆေးရုံရှိ ကုသရေးစင်တာတွင် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုနှင့် ဆေးကုသမှုခံယူလျက်ရှိပြီး ၄င်းတို့နေအိမ်နှင့် ဆက်စပ်ထိတွေ့သူများကို အသွားအလာများ ကန့်သတ်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၆၇)ဦး တွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည် စေလွတ်သူ(၁၆၅)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး