အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် 

အင်္ဂပူ ဇန်နဝါရီ ၂၇ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ငလျှင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀နာရီအချိန်တွင် မီးသတ်ဦးစီးဌာနရုံးတွင် ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ 

ယခုကဲ့သို့ လေ့ကျင့်ဆောင်ရွက်ရခြင်းသည် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သောမီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ရှာဖွေကယ်ဆယ်ရေး၊ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ဟူသောရည်မှန်ချက်တာဝန်(၄)ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်ပြည်သူများသဘာဝဘေးအန္တရာယ်ကျရောက်လာပါကငလျှင်ဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ရန်နည်းလမ်းများ၊ငလျှင်လှုပ်နေစဥ်နေထိုင်ရမည့်နည်းလမ်းများ၊ငလျှင်လှုပ်ပြီးနောက်ပြုလုပ်ရမည့်အချက်များအရေးပေါ်ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ၊ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့်ပြည်သူတို့၏အသက်ဘေးအန္တရာယ်များထိခိုက်ဆုံးရှုံးမှုလျော့နည်းနိုင်မည်ဖြစ်ကြောင်းအင်္ဂပူမြို့နယ်မြို့နယ်မီးသတ်စခန်းတာဝန်ခံဦးတင်မောင်ထွေးမှရှင်းလင်းပြောကြားသွားခဲ့ကြောင်းသိရသည်။ 

မြို့နယ်