ရမည်းသင်း ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်တွင် ဆည်ကြီးကျေးရွာတွင် ခရမ်းချဉ်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။ အဆိုပါ ခရမ်းချဉ်သီးပင် တစ်ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရာတွင် (၂)ပေခွဲ ပတ်လည် စိုက်ပျိုးကြပြီး ရာသီဥတုပေါ်မူတည်ပြီး ရေလောင်းခြင်းအားဆေး၊ ပိုးသတ်ဆေးများ ပတ်ဖျန်းပေးရကြောင်း စိုက်ပျိုး ကုန်ကျစရိတ်အနေနဲ့ တစ်ဧက စိုက်မယ်ဆိုလျှင် အနည်းဆုံး(၁)သိန်းခွဲ ကုန်ကျကြောင်း ခရမ်းချဉ် သက်တမ်း ရက် ၆၀ အကြာမှာ ပန်းများစပွင့်ကာ ရက် ၉၀ အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချလို့ရပြီဖြစ်ကြောင်း သိရသည်။
ခရမ်းချဉ်သီးက နှစ်ရက်တစ်ခါ ဆွတ်ပေးရတယ် စျေးကွက်အနေနဲ့ယခုတော့ တစ်ပိဿာလျင် (၂၄၀၀) ဖြင့် ရောင်းချ ရတယ် စျေးအတက်အကျ မမှန်တဲ့အတွက် မှန်းလို့မရဘူး အရှုံးမရှိဘူး ရက်တိုတိုနဲ့ ငွေဝင်တဲ့အတွက် အကျန်နည်းမှာ ပဲရှိပါတယ် စျေးကောင်းရင်တော့ ပိုကျန်တယ်ဟု ဆည်ကြီးကျေးရွာမှ ခရမ်းချဉ်စိုက်ပျိုးသူ ဦးသိန်းနိုင် ထံကသိရသည်။
ခရိုင်ပြန်/ဆက် (ရမည်းသင်း)