မိုးကုတ် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြည်သူများ ကျန်မာကြံ့ခိုင်စေရန်ရည်ရွယ်ပြီး အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့်ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား( Fitness Dance )သရုပ်ပြအက ရိုက်ကူးထုတ်လွှင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
ကိုယ်လက်လှုပ်ရှားအားကစား(Fitness Dance)သရုပ်ပြအကအား ပြည်သူများကျန်းမာကြံ့ခိုင်စေရန်နှင့် အသက်အရွယ်မရွေးလိုက်ပါကစားနိုင်ရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Online အစီစဉ်များမှတဆင့်ဖျော်ဖြေတင်ဆက်သွားရန်ရိုက်ကူးထုတ်လွှင့်ခြင်းဖြစ်ပြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှပြိုင်ပွဲဝင်ကျောင်းသူလေး များမှသရုပ်ပြကပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နန်းခွာညိုနှင်း