အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုး ကွဲသစ်အိုမီ ခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်

အုတ်တွင်း     ဇန်နဝါရီ    ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ၊ ကိုဗစ်-၁၉ရောဂါ ကိုမိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ဆိုးပါ၊ ပြတင်း တံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့်( ၂၀) ကြာဆေးကြောပါ၊တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ စသည့်အချက်များကို ပြည်သူများအားလုံး ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 ခင်ခင်မာ(ပြန်/ဆက်)