Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြပညာရေးကောလိပ်တွင် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြပညာရေးကောလိပ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပြုလုပ်ရာ ပန်းချီပြိုင်ပွွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြောင်းမြပညာရေးကောလိပ်၊ သုံးထပ်စာသင်စောင်တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jan 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် (ပထပအကြိမ်) လူဦးရေ (၂၂၀၀) ဦးထိုးနှံပြီးစီး
Jan 31,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Jan 31,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာတွင် ယမန်နေ့ က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၃၃၁၀)ဦး ရှိ
Jan 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဇန်နဝါရီလ(၂၇)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၃၁၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အထိထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်၌ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် လူဝန်မူကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီချိန်တွင် ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မှီခိုသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။ အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု ဥသျှစ်ကုန်းဇာတိဖွား ဆရာတော်များဖြစ်ကြသော ဦးဝိမလဗုဒ္ဓိ၊ ဦးပညာဝံသ၊ ဦးစန္ဒာဝရ၊ ဦးစက္ကပါလသိဒ္ဓိ၊ ဦးဇောတိကတို့၏ ခမည်းတော် မယ်တော်များဖြစ်ကြသော ဦးဖြူသီး + ဒေါ်ရွှေမိ၊ ဦးမောင်မိုး+ဒေါ်ညိမ်းပုတို့က အင်္ဂပူပြည်သူ့ဆေးရုံတွင် သုံးစွဲရန်ခွဲစိတ်ခန်း သုံး ခုတင် (၂) လုံး၊ ဝှီးချဲ (၂) ခု၊ ဘီဒို (၂) လုံး၊ ဆက်တီ (၁) စုံ၊ ရုံးသုံးစားပွဲနှင့် ကုလားထိုင်(၁)စုံလှူဒါန်းမှု အစုစုကိုအင်္ဂပူမြို့နယ်အသင်းမှ ကိုယ်စားပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်-ဖျာပုံ ကားလမ်းဘေး (ယာဘက်)မြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည် ပြုပြင် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျိုက်လတ်-ဖျာပုံကားလမ်းမ (ယာဘက်) မြောင်းအား ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း သတ်မှတ်အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဖူးပွင့်ခင် ကုမ္ပဏီက တူးဖော်လျက်ရှိပြီးခွင့်ပြု ရန်ပုံငွေကျပ် (၄၀.၂၆၀)သန်း အကုန်အကျခံကာ ကျိုက်လတ်-ဖျာပုံ ကားလမ်းမ (ယာဘက်) မြောင်း အား အလျား(၁၉၅၀၀)ပေ၊ မြေကြီးကျင်း (၁၂၇၉၀) ကျင်း၊ ထိပ်ဝအကျယ်(၁၈)၊ အောက်ခြေအကျယ်(၁၁)ပေ၊ ပျမ်းမျှအနက်(၃.၅)ပေ တူးဖော်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်း များပြီးစီးပါကအကျိုးပြု စိုက်ပျိုးမြေဧက (၈၀၀)ဧကအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22786
Page
22787
Page
22788
Page
22789
Current page
22790
Page
22791
Page
22792
Page
22793
Page
22794
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department