ကသာ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဇန်နဝါရီလ(၂၇)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၃၁၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အထိထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကသာမြို့နယ်တွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဇန်နဝါရီလ(၂၇)ရက်နေ့အထိတွင် လူဦးရေပေါင်း (၂၁၈၂၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့အပြင် ကသာမြို့တော်ခန်းမ၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေး သည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ထိုးနှံခြင်း၊ ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
ခရိုင်(ပြန်/ဆက်)