နတ်မောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးစုရပ်များသတ်မှတ်ပြီး အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်းစသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ထိုးနှံပေးလျက် ရှိသည်။
ယခုထိုးနှံပေးသည့် ကာကွယ်ဆေးမှာ Covid Shield အမျိုးအစားဖြစ်ပြီး ဆေးအလုံးရေ(၂၀၀) လုံးရရှိပြီး ဆေးတစ်လုံးလျှင်လူ(၁၁)ဦး ထိုးနှံပေးခဲ့ရာ (၉-၁-၂၀၂၂)ရက်နေ့မှ (၃၀-၁-၂၀၂၂) ရက်နေ့ အထိ လူဦးရေ (၂၂၀၀)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်းသိရသည်။
သင်းသင်းမြတ်