မြောင်းမြ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြပညာရေးကောလိပ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပြုလုပ်ရာ ပန်းချီပြိုင်ပွွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြောင်းမြပညာရေးကောလိပ်၊ သုံးထပ်စာသင်စောင်တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊
အဆိုပါ ပြိုင်ပွဲများကို “ဘိုးဘွားပေးဝေ၊ ချစ်အမွေ” ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ “ပြည်ထောင်စု သန္ဓေ လွတ်လပ်အမွေ” ခေါင်းစဉ်ဖြင့် ကဗျာပြိင်ပွဲ၊ “ပြည်ထောင်စုအမွေ လွတ်လပ်ရေး အဓွန့်ရှည်” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲ၊ “တရားမျှတ ပြည်ထောင်စုအလှ”ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသားကျောင်းသူ (၂၃) ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွွဲများကို ၂ရက်ခွဲပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် ပြည်ထောင်စုနေ့ကို အလေးထား တန်ဖိုးထားတတ်စေပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပြီး၊ ယခုပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများသည် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး၊ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးမည် ဖြစ်ကြောင်း မြောင်းမြပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်ရူပါအေး