အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အိမ်မဲ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူးဆရာမကြီးဒေါ်ခင်ဝင်းက "နံပါတ်(၁) အချက်က မိမိတို့တစ်မြို့နယ်လုံးမှာရှိတဲ့ အိမ်မဲမြို့နယ်ကို ခြုံငုံပြီးတော့ အောင်ချက်မြင့်မားရေးအတွက် ဘယ်လိုတွေ စွမ်းဆောင်ကြမလဲဆိုတာကို မိမိတို့ရဲ့အတွေ့အကြုံ ဗဟုသုတတွေကို လက်တွေ့ဆောင်ရွက်မှုလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီးတော့ နှီးနှောဖလှယ်ကြဖို့ လိုပါတယ်။ နောက်ဒုတိယအချက်အနေနဲ့ လာမည့် ဖေဖော်ဝါရီ (၁၀)ရက်နေ့မှာ ပရီတက်စာမေးပွဲ (၃)နာရီ မေးခွန်းကို စစ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီစစ်ဆေးတဲ့(၃)နာရီမေးခွန်းကြရင် ကျောင်းအသီးသီးက မိမိတို့သင်ခန်းစာပြီးစီးမှု အနေအထားတွေ တူချင်မှတူပါမယ်။ အဲလို့မတူကြတဲ့အခါမှာ ဘယ်လိုမျိုးတွေ ညှိနှိုင်းပြီးတော့ Chapter မေးခွန်းတစ်ခုမှာ အရည်အသွေးမှီတဲ့ တက္ကသိုလ်ဝင် (၃)နာရီ မေးခွန်းနဲ့ကိုက်ညီအောင် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို ဆရာတို့ဆရာမတို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်လို့"ထည့်သွင်းပြောကြားခဲ့သည့် ဆက်လက်ပြီး အ.ထ.က(ခွဲ)၊ အ.ထ.က ကျောင်း( ၂၅)ကျောင်းတို့မှ ဆရာ၊ ဆရာမများက မိမိတို့သက်ဆိုင်ရာ ဘာသာရပ်အလိုက် ညှိနှိုင်းဆွေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၁၁၅၂)ဦးနှင့် အပြင်ဖြေဆိုသူ (၁၇၃)ဦး စုစုပေါင်း (၁၃၂၅)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း အ.ထ.ကကျောင်း(၁၀)ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း(၁၅) ကျောင်းတို့မှ အတွဲ(၁)ဖြေဆိုသူအတွင်း အပြင်ပေါင်း (၂၀၉) ဦး ၊အတွဲ(၂)ဖြေဆိုသူ အတွင်း အပြင်ပေါင်း(၉၄၈)ဦး၊ အတွဲ(၇)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁၆၈)ဦး စုစုပေါင်း ၁၃၂၅ ဦးရှိကြောင်းနှင့် ယခင်နှစ်က စာစစ်ဌာန (၉)ခုထားရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်