တောင်တွင်းကြီးမြို့နယ် တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

တောင်တွင်းကြီး ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာတွင် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ(၈၀)ဦးတို့ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

 

နိုင်ဝင်း(တောင်တွင်းကြီး)