လှည်းကူး ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဒီဂရီ ကောလိပ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းပြိုင်ပွဲများ ကိုယမန်နေ့ နံနက် (၉:ဝဝ)နာရီ အချိန်က လှည်းကူးပညာရေး ဒီဂရီကောလိပ်၊ ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT-၇/၂၀၂၀) သင်တန်း၊ သင်တန်းသားနှင့် သင်တန်းသူများအနက် ဘိုးဘွားပေးဝေချစ် အမွေ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၃)ဦး၊ ပြည်ထောင်စုသန္ဓေ လွတ်လပ်အမွေခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲတွင် (၈)ဦး၊ ပြည်ထောင်စုအမွေ လွတ်လပ်ရေး အဓွန့်ရှည်ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲတွင် (၆)ဦး၊ ပန်းချီ(၁၆)ဦး၊ ကျပန်း(၈)စုစုပေါင်း (၅၁)ဦးတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဒီဂရီကောလိပ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်လာစေရေး၊ အထိမ်းအမှတ်နေ့များအား သတိတရရှိစေရေးနှင့် မိမိတို့တတ်သိထားသော အသိပညာဗဟုသုတများအား လက်ဆင့်ကမ်းမျှဝေနိုင်စေရန်ရည်ရွယ်၍ ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် ဦးခင်ဇော်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ၊ သင်တန်းသူသင်တန်းသားများ စုစုပေါင်း(၄၂၈)များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းစိုး(ပြန်/ဆက်)