အိမ်မဲ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပညာရေးမှူးရုံးမှ ပညာရေးမှူးဆရာမကြီး ဒေါ်ခင်ဝင်းက "နံပါတ်(၁) အချက်က မိမိတို့တစ်မြို့နယ်လုံးမှာရှိတဲ့ အိမ်မဲမြို့နယ်ကို ခြုံငုံပြီးတော့ အောင်ချက် မြင့်မားရေးအတွက်ဘယ်လိုတွေ စွမ်းဆောင်ကြမလဲဆိုတာကို မိမိ တို့ရဲ့အတွေ့အကြုံဗဟုသုတတွေကို လက်တွေ့ဆောင်ရွက်မှုလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး တော့နှီးနှောဖလှယ်ကြဖို့လိုပါတယ်။ နောက်ဒုတိယအချက်အနေ့နဲ့လာမည့် ဖေဖော်ဝါရီ(၁၀) ရက်နေ့မှာ ပရီတက်စာမေးပွဲ (၃)နာရီမေးခွန်းကိုစစ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီစစ်ဆေးတဲ့ (၃) နာရီမေးခွန်းကြရင် ကျောင်းအသီးသီးက မိမိတို့သင်ခန်းစာပြီးစီးမှု အနေအထားတွေ တူချင်မှ တူပါမယ်။ အဲလို့မတူကြတဲ့အခါမှာ ဘယ်လိုမျိုးတွေညှိနှိုင်းပြီးတော့ Chapter မေးခွန်းတစ်ခုမှာ အရည်အသွေးမှီတဲ့ တက္ကသိုလ်ဝင်(၃) နာရီမေးခွန်းနဲ့ ကိုက်ညီအောင် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို ဆရာတို့ဆရာမတို့ ဆွေးနွေးရမှာဖြစ်ပါတယ်လို့"ထည့်သွင်းပြောကြားခဲ့သည့်
ဆက်လက်ပြီး အ.ထ.က(ခွဲ)၊ အ.ထ.က ကျောင်း( ၂၅)ကျောင်းတို့မှ ဆရာ၊ဆရာမ များက မိမိတို့သက်ဆိုင်ရာ ဘာသာရပ်အလိုက် ညှိနှိုင်းဆွေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၁၁၅၂)ဦးနှင့်အပြင်ဖြေဆိုသူ (၁၇၃)ဦး စုစုပေါင်း (၁၃၂၅)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း အ.ထ.ကကျောင်း(၁၀)ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း(၁၅) ကျောင်းတို့မှ အတွဲ(၁)ဖြေဆိုသူအတွင်း အပြင်ပေါင်း (၂၀၉) ဦး၊ အတွဲ(၂)ဖြေဆိုသူအတွင်းအပြင်ပေါင်း(၉၄၈)ဦး၊အတွဲ(၇)ဖြေဆိုသူအတွင်းအပြင်ပေါင်း (၁၆၈)ဦး စုစုပေါင်း ၁၃၂၅ဦးရှိကြောင်းနှင့် ယခင်နှစ်က စာစစ်ဌာန(၉)ခုထားရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့ကြောင်းမြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်( ပြန်/ဆက်)