ကျိုက်မရောမြို့နယ် မြွေဟောက်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျိုက်မရော  ဇန်နဝါရီ၃၁


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာ တောင်သူဦးဝင်းလှိုင်၏ ကွင်းအမှတ် (၅၆၉) ဦးပိုင်(၆၆)ရှိ (၀.၁၀) ဧကစံကွတ်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတောင်သူ၏ လယ်မြေ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးလှတင်မောင်က ဧက(၁၀၀)၊ တင်း (၁၀၀)ထွက်ရှိရေး
တစ်ကွင်းတစ်စပ် တည်း စံပြလယ်ကွက်(၀.၁၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းမှုနှင့် စပါးစံကွက်ထွက်နှုန်း၁၂တင်း၊ တစ်ဧက အထွက်နှုန်း (၁၂၀)တင်းထွက်ရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မိုးစပါးစံကွက်ရိတ်သိမ်းမှုနှင့် အစိုဓာတ် ပါဝင်မှုရာခိုင်နှုန်း တိုင်းတာစစ်ဆေးမှုတို့ကို ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ကြည့်ရူအားပေးကြပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာပြည်နယ်မှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာနယ်မြေကွင်းတာဝန်ခံများ၊ နည်းပညာရှင်များနှင့် တောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဧက(၁၀၀)တင်း(၁၀၀)ထွက်ရှိရေး တစ်ကွင်းတစ်စပ်တည်း စံပြဧက(၁၀၀)တွင် ရိတ်သိမ်းပြီးဧက(၉၂.၅၇)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး ရိတ်သိမ်းရန်ကျန်ဧကမှာ (၇.၄၃)ဧကသာ ကျန်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှတင်မောင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)