နွားထိုးကြီး ဇန်ဝါရီ ၃၁
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက် အားပေးခဲ့သည်။
တက်ရောက်လာသူများကို မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးမှ စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဌာနဆိုင်ရာများ မိဘ ပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များကို လေ့လာခဲ့ကြပြီး မိမိတို့ဖတ်ရှု့လိုသည့် စာအုပ်များကို ငှာရမ်းရာစာကြည့်တိုက်တာဝန်ခံ ဒေါ်ကြည်ကြည်စန်းမှ ပြန်လည်ငှား ပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်
ပြန်/ဆက်ဦးစီးဌာန