မူဆယ်မြို့ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မူဆယ် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါ ယမအသင်းလီမိတက်၏ ၂၀၁၉ (မီနီဘတ်ဂျတ်)၊ ၂၀၂၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်များအတွက် အရပ်ရပ်ဆိုင်ရာ အစည်းဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ အိမ်တွင်းမှုသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။    အခမ်းအနားတွင် ဝန်ထမ်းပေါင်း စုံငွေစုငွေချေးသမဝါယမအသင်း ဉက္ကဋ္ဌ ဦးအောင်သူထိုက်မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့အသင်းအနေဖြင့် ယခင်နှစ်ပတ်လည်များတွင် အသင်းသူ အသင်းသားများကို ဖိတ်ကြားပြီး တက်ရောက်လာကြသူများကို အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ အဖိုးတန်ပစ္စည်းများကို မဲဖောက်ခြင်းများကို ပြုလုပ်ပေးခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် အသင်းအစည်းအဝေးများ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ သို့သော်လည်း မိမိတို့အသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသကာကွယ်ထိန်းချုပ်ရေးသို့ မူဆယ်ခရိုင်/မြို့နယ်အတွင်း လှူဒါန်းပေးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွက်လည်း  အစည်းအဝေးကို ယခင်လို စည်းကားစွာမပြုလုပ်နိုင်သော်လည်း အသင်းသားများ၏ ရပိုင်ခွင့်များကို  ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အသင်း၏ တစ်နှစ် တာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအား Power Point ဖြင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော အသင်းသားများ၏ သားသမီး(၆)ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး   မြို့နယ် သမဝါယမအသင်းစု ဉက္ကဋ္ဌမှ သမဝါယမလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ၂၀၁၉(မီနီဘတ်ဂျက်)လချုပ်၊ ၂၀၁၉-၂၀၂၀၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များအတွက် အမှုဆောင်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းကြပြီး တင်သွင်းသောအစီရင်ခံစာတို့အပေါ် အသင်းသားများ၏ ဆန္ဒများရယူကာ အတည်ပြုကြေညာခဲ့ပြီး အသင်းသားများမှ အပြုသဘောဆောင်သည့် တင်ပြဆွေးနွေးခြင်းများကို အမှုဆောင်များမှ ပြန်လည်ဖြေကြားခဲ့သည်။                                                                 

၂၀၂၁-၂၀၂၅ ကာလအတွက် အမှုဆောင်များရွေးချယ်ခြင်းကို ဆက်လက်ကျင်းပခဲ့ပြီး အသင်သားများ၏ ဆန္ဒ သဘောထားရယူပြီး အတည်ပြုခဲ့ကြကြောင်းနှင့် ယခုကျင်းပသည့် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှ အသင်းသူ/အသင်း သားများအတွက် ငွေကျပ်(၇၀၀၀)စီအား ထောက်ပံ့ပေးအပ်သွားကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)