Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို အထက(၁)၊ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိ “စည်းလုံးချစ်ကြည် မြန်မာပြည်ပျော်ရွှင်ဆင်နွဲပြည်ထောင်စုပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အထက(၁)၊ အထက် တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၇)ဦးတို့က စိတ်ပါ၀င်စားစွာဖြင့် ဖြေဆိုခဲ့ကြကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်း အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက် အား အသိပညာပေးနှိုးဆော်
Feb 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး နိုင်ငံတော်အစိုးရ၏ သတင်းထုတ် ပြန်ချက်များအား သိရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ Booster Dose ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ လျှော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက အသက်(၁၈)နှစ်အထက် ပြည်သူများအား Booster Dose ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်ရှိ ပြည်သူ ၄၁၅ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Feb 01,2022
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းဦးဆောင်၍ ဇန်နဝါရီလ ၂၀၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဟားခါးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ ပြည်သူ ၃၇၂ ဦး၊ ဟားခါးမြို့ပေါ်ရှိ ပြည်သူ ၄၃ ဦး၊ ပေါင်း ၄၁၅ ဦးကို Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာ၌ အဓိဌာန်ဆရာတော်ဘုရား ကြီးမှူး၍ နှစ်ထပ်တိုက်နယ် ဆေးရုံဆောက်လုပ် လှူဒါန်း
Jan 31,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာသည် မင်းပြား၊ ပေါက်တော ကားလမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးက ဦးဆောင်ကြီးမှူး၍ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာ နှစ်ထပ် တိုက်နယ်ဆေးရုံကို ရိုးမအာရုဏ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး အတိုင်းအတာမှာ အလျှား(၁၃၅)ပေ၊ အနံ(၅၆)ပေရှိ နှစ်ထပ် တိုက်နယ် ဆေးရုံသစ်ရတနာအုဋ်မြတ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် အိုမီခရွန်ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရန် Mask Campaign ပြုလုပ်
Jan 31,2022
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများပူးပေါင်း ၍ ယနေ့နံနက် ၈ နာရီက မြသီတာစျေး ကမ်းနားလမ်းတစ်လျှောက်၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 31,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jan 31,2022
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22772
Page
22773
Page
22774
Page
22775
Current page
22776
Page
22777
Page
22778
Page
22779
Page
22780
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department