ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကျောက်ဆည်  ဖေဖော်ဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ခရိုင်ပြန ်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ(၂)ရက်နေ့ နံနက်(၁၀)နာရီခွဲက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ချယ်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများ  စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေဖတ်ရှု သည့် အလေ့အထများရှိစေရန်နှင့် စာပေချစ်မြတ်နိုးသည့်စိတ်များပေါ်ပေါက်လာစေရန်၊ အတွေးအမြင် များ ပိုမိုကြွယ်ဝလာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆေးရောင်ချယ်ပြိုင်ပွဲတွင် ကျောက်ဆည်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောက်(ကျောက်ဆည်)