ဒေးဒရဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယနေ့ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲ  တတိယနေ့ကို  ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယနေ့ပွဲစဉ်(၁)အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (က)အသင်းနှင့် လယ်ယာ/စာရင်းအင်း (က)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ(၁၃)ဂိုး၊ ဂိုးမရှိဖြင့် လယ်ယာ/စာရင်းအင်း (က)အသင်းက လည်းကောင်း၊ ပွဲစဉ်(၂)အဖြစ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ခ)အသင်းနှင့် ပညာရေးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၁၁)ဂိုး(၃)ဂိုးဖြင့် ပညာရေးဌာန က လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်  ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ် ဘောလုံး ပြိုင်ပွဲတွင် ဌာနဆိုင်ရာများရှိ အားကစားအသင်း (၈)သင်းမှ ပြိုင်ပွဲဝင် အားကစားသမား(၈ဝ)ဦး ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိပြီး   ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)