နတ်မောက် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်းကာ ကလေးသူငယ် အလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး အသိညာဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်ခန့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့မရဲစခန်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များကို မြို့မရဲစခမ်းရှေ့၊ ယာယီစျေးနှင့် လူစီကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်မှာ ကလေးများအား ကလေး အလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ် သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ် သမားများ၏အလုပ်ချိန် ကန့်သန့်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ၊ ကဗျာများ၊ ဆောင်ပုဒ်များ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
လှဝင်း