ကမမောင်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့အကြို အထိမ်းအမှတ် အလယ်တန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကမမောင်း ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက် မည့် (၇၅) နှစ်မြောက်စိန်ရတု ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆို ပြိုင်ပွဲကို ယ‌နေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ယဉ်ယဉ်‌အေးက ကလေးငယ် များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါ၀င်လာတတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများ ပြည်သူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိ စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက်  ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား/သူ(၁၈)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)