မြစ်သား ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် ဆင်းကွင်းဆင်း ဆောင်ရွက် ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းဆွေနှင့် ဝန်ထမ်းများက ရွှေသူဌေးရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများစိစစ်၊ လဲလှယ်ခြင်း လုပ်ငန်းများကို Door to Door စနစ်ဖြင့် နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့်အတူ ပန်းခင်းစီမံချက် လုပ်ငန်းများကို ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)