မြောက်ဦးမြို့၌    ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့်   မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြော

မြောက်ဦး ဖေဖော်ဝါရီ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ပြင်ဈေးရပ်ကွက်အ..က(ခွဲ)-() အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် လုံခြုံရေးအသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှဝင်း မှ ကျောင်းသူ/ကျောင်းသားများကို မိမိတို့နေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ် ၊မီးသတ်ဆေးဗူးများ    မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထား ရှိစေ ရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော  ဟောင်း နွမ်းလျှပ်စစ်ဝါယာကြိုးများ နှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေး မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊   ခြင်ဆေးခွေများအားငြိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွား ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့အကြောင်းကြားရန် ရှင်းလင်းပြောကြားခဲ့သည်။

ကျောင်းသူ/ ကျောင်းသား များကို မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြသရာတွင် မီးလောင်မှုဖြစ်ပွားခဲ့လျှင် မီးငြိမ်းသတ်နိုင်ရေးနှင့် အခြားနေရာများသို့ မီးလောင်မှု မကူးစေရန် တို့ကို မီးသတ်တပ်ဖွဲ့ဝင်()ဦးတို့က ကျောင်းသူ/ကျောင်းများများနှင့်အတူ လက်တွေ့ သရုပ်ဖော်ပြသပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူးမှ   မီးဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန် အချက်တို့ကို ကျောင်းသူ၊ ကျောင်းသားများအား သိရှိလိုက်နာစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)