သံဖြူဇရပ်မြို့ ပဒံငံလေးကျေးရွာမိခင်နှင့်ကလေးမူကြိုကျောင်းအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နေမှု  ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ်     ဖေဖော်ဝါရီ     ၅


မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်တွင်   မူကြိုကျောင်းများကို   ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်၍ ယမန်နေ့နံနက် ၁၀ နာရီက ပဒံငံလေးကျေးရွာမိခင်နှင့် ကလေးမူကြိုကျောင်းတွင်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လူမှုဝန်ထမ်းဦးစီး ဌာန တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်  ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းတွင်  Corner ပြင်ဆင်ထားရှိမှု၊    ကျောင်းပြင်ပ ပြင်ဆင်ထားရှိမှု ၊   သင်ထောက်ကူ   ထောက်ပံ့ပစ္စည်းများထားရှိမှုရှိ/မရှိ ၊ အဆောက်အဦ အခြေအနေ ၊ ဆရာမများ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေတို့ကို   စစ်ဆေးခဲ့ပြီး၊   ပဒံငံလေးကျေးရွာမိခင်နှင့်ကလေးမူကြိုကျောင်းကိုဒီဇင်ဘာ (၁) ရက်နေ့မှစ၍ဖွင့်လှစ်သင်ကြားရာတွင် ၊ သင်ကြားချိန်အား တစ်ပတ်(၅) ရက်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ရက်များတွင်  နံနက် ၉နာရီ မှ ညနေ ၃ နာရီအထိ  သင်ကြားပေးပြီး ကလေးငယ်(၁၃)ဦးတက်ရောက်သင်ကြား​နေကြောင်းသိရသည်။
 

အေးအေးမွန် (  ပြန်/ဆက် )