ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစကလေးများနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေး

ကော့ကရိတ် ဖေဖော်ဝါရီ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစ ကလေးငယ်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင်ထွန်းဇော်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မွေးကင်းစ ကလေးငယ်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ် များအား အပိုဆောင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)