ချောင်းဆုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား မြို့နယ်ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ချောင်းဆုံပြည်သူ့ဆေးရုံ သားဖွားဆောင်၌စတင်ပြီး ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၁၄၉ ဦးတို့ကို စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးနှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန် များကို လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)