ကျောက်တော် ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမအတွင်း၌ စစ်တုရင်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြ သန်းက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ အနေဖြင့် စစ်တုရင်ကစားနည်းကို စနစ်တကျလေ့လာပြီး ယှဉ်ပြိုင်ကစားတတ်စေရန်၊ ကျောင်း သား/ကျောင်းသူလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်နှင့် စဉ်းစားတွေးခေါ်နိုင်ရန် အတွက် ယခုလိုပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက် နှင့် လည်းပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်ကာကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တုရင်ပြိုင်ပွဲ သို့ ပိုက်သည်ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း