အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌဦးအေးနိုင်၏လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့်ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကိုစနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေး ရည်ရွယ်ပြီး (Mask)များကို အခမဲ့ဖြန့်ဝေပေး၍ Mask Campaign ဖြင့် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇နာရီ ၃၀ အချိန်က တံတားစစ်ဆေးရေးဂိတ်နှင့်ဈေးအရှေ့တို့သို့ ပူးပေါင်းအဖွဲ့(၂)ဖွဲ့ခွဲပြီး Mask Campaign ပြုလုပ်ကြောင်း သိရသည်။
Feb 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်ကျရောက် သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အောင်သာဝတီခန်းမတွင် ပြူလုပ်ခဲ့သည်။
Feb 05,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဒေသထွက်ငါးနီတူခြောက်များမှာ ဝယ်ယူသူများပြားလျက်ရှိပြီး ရောင်းအားကောင်းလာကြောင်း ငါးခြောက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
Feb 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်များရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီ အချိန်က အင်းဝဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များ၊  လေးမျက်နှာမြို့နယ် သံဃာဝန်ဆောင် အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် သာသနာရေးမှူး ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြသည်။
Feb 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Feb 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကကြီးကြပ်၍ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရေဖြူ(အနောက်ဈေး) ဈေးရုံနှစ်ခု တိုးချဲ့ဆောက်လုပ် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးဝင်းရွှေထံက သိရသည်။
Feb 05,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိင်၊ ဂွမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် မိုးပန်းမွန် (ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၃)နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။