အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ မန္တလေးပရိယတ္တိ စာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကိုးနေဝင်းစေတီတော်အား စေတီတော်ရောင်ဝါကွန့်မြူးစေရန် ရည်တန်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မိုးမောက် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမား ပပျောက်ရေး" အသိပညာပေး လက်ကမ်းစာ စောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါက်မြို့ အောင်တော်မူရပ်ကွက် အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပညာသင်ယူနေသော ကျောင်သား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် စောင်ရေ (၁၅၀) ဖြန့်ဝေပေးခဲ့ကြသည်။
Feb 03,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျောက်ဆည်ရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက် တွင်သက်ကြီး ဘိုးဘွားများအား ဖေဖော်ဝါရီ  ၁ ရက်နေ့ နေ့လယ်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့တော်ခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာ‌ပေး‌ ဆောင်ရွက်မှုအနေဖြင့် ရေသယံဇာတများစနစ်တကျ ထိန်းသိမ်းကြခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင်တွင် ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေပိုင်းက အားကစားပွဲများ ကျင်းပနိုင်ရန် ကွင်းဖောက်ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။