အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန့်နေ့က စက်မှုလယ်ယာ ဦးစီးဌာနရုံးရှေ့မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 03,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ် ခဲ့သည်။
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သောကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖေဖော်ဝါရီလ (၁)ရက်နေ့ ညနေ ၅ နာရီအချိန်က နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
Feb 03,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက် ကုန်ဖြစ်သော ဆန်နှင့် ဆီပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် လွိုင်ကော်မြို့ သီရိမင်္ဂလာစျေး (တောင်စျေး)တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးမိုးဝင်းထက်၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်လဝက၊ မြို့နယ်ယာယီ ရဲတပ်ဖွဲ့မှူးတို့မှ ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သား တစ်ဗူးနှင့် ပြည်သူ(၁၆၀၀)ဦးအား လှူဒါန်းပေးအပ်ခဲ့သည်။
Feb 03,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
Feb 03,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီး အလေးမ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာန‌ဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရသည်။
Feb 03,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မုံရွာမြို့ရှိဒေသခံပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) အိုမီခရွန်ကူးစက်မှုမှ ကာကွယ်ရန်အတွက် မုံရွာစီးပွားရေး တက္ကသိုလ်အတွင်း ဖွင့်လှစ်ရန် Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။