အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက် (၉) နာရီအချိန်က ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းပိုင် နေ့ကလေးထိန်းကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 04,2022
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့မှာ နေ့စဉ် YBS ခရီးသည်တင် ယာဉ်များစီးနင်း၍ မြို့တွင်း ခရီးသွားလာနေကြသည့် ပြည်သူများအနေဖြင့် ခရီးသွားလာကြရာတွင် ယာဉ်အကူ (စပယ်ယာ)များနဲ့ ဆက်ဆံရသည့် အခက်အခဲများ၊ ငွေအကြွေရှာရသည့် အခက်အခဲများ၊ ငွေစက္ကူ များမှတစ်ဆင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများ စသည့် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို တွင်ကျယ်စွာ ပြန်လည် အသုံးပြုနိုင်ဖို့ ဒုတိယအကျော့အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (Omicron) ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး လမ်းဆုံ၌ နှာခေါင်းစည်း mask များ ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဖြန့်ဝေပေးခဲ့သည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငှက်ပျောပင် အများအပြား စိုက်ပျိုးလျက်ရှိသော တိုင်းဒေသဖြစ်သည်နှင့် လျှော်ညီစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ငှက်ပျောပင် ပင်စည်မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းဖြင့် လူ့အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးထံမှ သိရသည်။
Feb 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်း နေထိုင်ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါနှင့် အခြားသော ကပ်ဘေး များကျ‌ရောက်ခြင်းတို့မှ ကင်းဝေးပပျောက်စေရန်အတွက် ကိုကိုးကျွန်းမြို့နယ် သာသနမဏ္ဍိုင် ဘုန်းတော်‌ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသ ဦးဆောင်၍ သံဃာ‌တော်စုစုပေါင်း ၁၆ ပါးတို့မှ ၂၈-၁-၂၀၂၂ ရက်နေ့ ည (၇) နာရီအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်မှပဌာန်းဒေသနာ တရားတော် ရွတ်ဖတ် ပူဇော်ရခြင်း ပတ်သက်၍ တရားဟောကြားပြီး အသံမစဲပဌာန်းစတင်ရွှတ်ဖတ်ပူ‌ဇော်ခဲ့ကြာင်း သိရသည်။
Feb 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၀)ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ(၂၉၉)ဦးနှင့် အပြင်ဖြေဆိုသူ(၂၀၆)ဦး စုစုပေါင်း(၅၀၆) ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။
Feb 04,2022
ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်ခန္ဓာများကို ကယ်တင်ဆောင်ရွက်ရာ တွင် စွမ်းရည်ပြည့်ဝစွာဖြင့် ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် မြိတ်ခရိုင်မီးသတ် ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၂)ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။