ကျောင်းကုန်းမြို့တွင် အိုမီခရွန်ရောဂါ ကာကွယ်ရေး ပြည်သူများအား နှာခေါင်းစည်းများဖြန့်ဝေ

ကျောင်းကုန်းမြို့တွင် အိုမီခရွန်ရောဂါ ကာကွယ်ရေး ပြည်သူများအား နှာခေါင်းစည်းများဖြန့်ဝေ

ကျောင်းကုန်း ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (Omicron) ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး လမ်းဆုံ၌ နှာခေါင်းစည်း mask များ ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ နှာခေါင်းစည်းဖြန့်ဝေရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များဖြန့် ဝေပေးခဲ့ကြ သည်။

ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူ (၉၂၆)ဦးအထိ ရှိနေပြီး၊ ဆေးရုံဆင်းခွင့်ရရှိ သူ (၈၁၃) ဦးရှိကာ သေဆုံးသူ(၁၁၃)ဦး အထိရှိပြီဖြစ်သည်။ ပိုးတွေ့ရှိသူမရှိ၊ သေဆုံးမှုမရှိသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး၊ ဆက်လက်မပျံ့ပွားစေရန် ရည်ရွယ်၍ ယခုလို ပူးပေါင်းအဖွဲ့မှ  နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)