မိုင်းစံမြို့ လူထုအခြေပြု (Community Centre) တွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းစံ ဖေဖေါ်ဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက် () နာရီအချိန်က ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ကလေးငယ်သူငယ်များ အနေဖြင့် စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်စေရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မား လာစေရန်၊  ကိုယ်ပိုင်တီထွင်  ဖန်တီးတတ်သည့်  အတွေးအခေါ်  များရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပြီး ပြိုင်ပွဲသို့ မြို့အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူ များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 ခင်ချို  (မုန်းဆန်း)