ခင်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေ့ကလေးထိန်း ကျောင်းဆာင်သစ် ပန္နက်တင် အခမ်းအနားကျင်းပ

ခင်ဦး ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းပိုင် နေ့ကလေးထိန်းကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် မြို့နယ်ဌာနဆိုင်ရာများက သက်ဆိုင်ရာနေရာ များ ကျောင်းဆောင်သစ်ကို ပန္နက်တင်မင်္ဂလာ ဆောင်ရွက်ပေးခဲ့သည်။ နေ့ကလေးထိန်း ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် ဂျပန်နိုင်ငံ၊ Asia Matemal and Child Welfare Association (AMCWA) အဖွဲ့က လှူဒါန်းသော ငွေကျပ် (၇၇၈၀၀၀၀) ဖြင့် အလျား (၃၂) ပေ၊ အနံ (၂၂) ပေ (၆) လက်မ၊ နံကပ်၊ တစ်ထပ်အဆောက်အဦကို ဆောက်လုပ်သွားမည်ဖြစ်ပြီး စုစုပေါင်း အဆောက်အဦကုန်ကျမှုမှာ ငွေကျပ်သိန်း (၁၅၀) ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)