Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
Feb 04,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ကျည်တောင်ကျေးရွာ အုပ်စု၊ စည်ပင်သာယာကျေးရွာ၊ သာစည်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာနှင့် သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာတို့တွင် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုငွေဖြင့် ကျေးလက်ဒေသ မီးလင်းရေး ဆောင်ရွက်မည်
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development Plan) VDP ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီက တလိုင်းကွင်းကျေးရွာအုပ်စု၊ မကျည်းပင်ကွင်းဒေါင့်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ အဌမအကြိမ်မြောက် သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ပွဲအခမ်းအနား ကျင်းပ
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သံဃနာယက ရွေးချယ်ဖွဲ့စည်းမှု ကြီးကြပ်ရေးအဖွဲ့မှဦးဆောင်၍ အဌမအကြိမ်မြောက် ဖျာပုံမြို့နယ် သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ပွဲကို ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာ သီရိမင်္ဂလာသိမ်ကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနား ကျင်းပ
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ် (၂)ရပ်ကွက်၊ မင်္ဂလာကံကျောင်းတိုက်ရှိ သံဃာ့နာယကအဖွဲ့ရုံးတည်ရှိရာ သာဓုနယ တန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ သံဃာတော် (၁၀၁)ပါး ကြွရောက်၍ မဲပေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥယျာဉ်ကျေးရွာ ရတနာမဉ္ဇူတံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 04,2022
မိတ္ထီလာတွင် ( ၇၅ )နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ခဲ့သောမွေကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ရတနာမဉ္ဇူတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါတံတားအနီးတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 04,2022
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့ရက်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယမန့်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Feb 04,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ ပူးပေါင်းအဖွဲ့(၂)ဖွဲ့ခွဲပြီး Mask Campaign ပြုလုပ်၍ (Mask)များကို (အခမဲ့) ဖြန့်ဝေပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲပြုလုပ်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများ ပြုလုပ်
Feb 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲပြသခြင်းနှင့် ရုပ်ပုံဆေးရောင် ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22688
Page
22689
Page
22690
Page
22691
Current page
22692
Page
22693
Page
22694
Page
22695
Page
22696
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department