ဖျာပုံ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သံဃနာယက ရွေးချယ်ဖွဲ့စည်းမှု ကြီးကြပ်ရေးအဖွဲ့မှဦးဆောင်၍ အဌမအကြိမ်မြောက် ဖျာပုံမြို့နယ် သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ပွဲကို ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာ သီရိမင်္ဂလာသိမ်ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အဌမအကြိမ်မြောက် သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ပွဲအခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဘုန်တော်ကြီး ကျောင်းများမှ သံဃာတော် (၁၃၉)ပါး ကြွရောက်တော်မူကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ရွေးချယ်အဖွဲ့မှ သံဃနာယက လုပ်ထုံး လုပ်နည်းများနှင့်အညီ မဲပေးရွေးချယ်ကြရာ ယခင်သံဃနာယကအဖွဲ့ ဥက္ကဌဟောင်း ဘဒ္ဒန္တဝါသဝ၊ သီရိမင်္ဂလာသိမ်းကျောင်း ဆရာတော်က ဥက္ကဌ၊ တိုက်သစ်ကျောင်းဆရာတော် ဘဒ္ဒန္တကောမလ ဒု-ဥက္ကဌနှင့် အကျိုးတော်ဆောင်၊ တွဲဖက်အကျိုးတော်ဆောင်နှင့် အဖွဲ့ဝင်(၉)ပါးတို့ဖြင့် အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်