ဇေယျာသီရိ ဖေဖော်ဝါရီ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ကျည်တောင်ကျေးရွာ အုပ်စု၊ စည်ပင်သာယာကျေးရွာ၊ သာစည်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာနှင့် သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာတို့တွင် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်ကလာရောက် ဆောင်ရွက် သည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသည် “ပန်းခင်း” စီမံချက်ဖြင့် ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရခြင်း ရည်ရွယ်ချက်၊ ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်း(၄)မျိုး၊ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရခြင်းကြောင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများ၊ မိမိဌာနမှ ပြည်သူများအတွက် “ လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရပ်ကွက် /ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဦးစန်းလွင်က မိမိဌာနမှ ကွင်းဆင်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ကျည်တောင်ကျေး ရွာအုပ်စု၊ စည်ပင်သာယာကျေးရွာမှ(၁၀၂ )ဦး၊ သာစည်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာမှ(၆၀)ဦးနှင့် သစ်တပ်ကျေးရွာ အုပ်စု၊ သစ်တပ်ကျေးရွာ မှ(၅၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)