အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် မြို့နယ်အတွင်း လမ်းသွား လမ်းလာများနှင့် စျေးရောင်းစျေးဝယ်သူများအား (RDT) Test Kits ဖြင့်ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် မြောက်ပိုင်း စျေးနှင့် ဆိပ်ကမ်းသာစျေးတို့၌ ပြုလုပ်ကြသည်။
Feb 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွား ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask) များကို အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
Feb 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပိုကောင်းဆီအုန်းစခန်း၌ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူများအား ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကျောင်းသား လူငယ်များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရတို့ကိုသိရှိ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ ယုဇန ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 04,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဖေဖော်ဝါရီလ ၄ ရက် နံနက်( ၁၀)နာရီ  မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ကျင်းပပြုလုပ်သည်။ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးမှူး‌ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲ စည်းကမ်းချက်များ ကိုရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲသို့ KG အဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ပေါင်းတည်မြို့မ အ-ထ-က ကျောင်းခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၈၃) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။