Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အင်းကုန်းကျေးရွာရှိ ကုလားပဲ၊ မတ်ပဲနှင့် ပဲမျိုးစုံ စိုက်တောင်သူများအား မျိုးစေ့နှင့်မြေဩဇာများထောက်ပံ့
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အင်းကုန်းဘက်စုံစံပြ ကျေးရွာရှိ ကုလားပဲ၊ မတ်ပဲနှင့် ပဲမျိုးစုံစိုက်တောင်သူများအား မျိုးစေ့နှင့် ဘိုရွန်လက်ချား မြေဩဇာများကို ယမန်နေ့ နေ့လယ်ပိုင်းက အင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၆၀၀၀၀)ပင်ကို မြေအစိုဓာတ်ရရှိချိန်တွင် အခမဲ့ဖြန့်ဝေပေးမည်
Feb 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီစိမ်းလန်းစိုပြည်ရေးအတွက် ရွေဝါမြိုင် သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၆၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ပန်းချီ၊ ကဗျာ၊ စာစီစာကုံးနှင့် ကျဘန်းစကားပြော ပြိုင်ပွဲများကျင်းပ
Feb 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ များက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ ရွှေ့ပြောင်းတောင်ယာစနစ်မှ သီးနှံသစ်တော ရောနှောစိုက်ခင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းချက်
Feb 04,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်သည် ဝမ်းစာအတွက်သာ ဖူလုံစေသည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် စနစ်မှတောင်သူများ အတွက် စိုက်ပျိုးစီးပွားအရ ဝင်ငွေရသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၂၀၂၁ ခုနှစ်မှစတင်ပြီး သီးနှံသစ်တောရောနှော စိုက်ပျိုးသည့် စနစ်အား စိုက်ပျိုးရေး ဦးစီးဌာနမှဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
Feb 04,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အတ္ထရံရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသစ် ဖွင့်ပွဲကျင်းပ
Feb 04,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အတ္တရံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ စိုက်ခင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 04,2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တော ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်(၂၀၂၁မိုးရာသီ) တောပုန်းကြိုးပြင် ကာကွယ်တော၊ အကွက်အမှတ်(၁)တွင် စိုက်ပျိုးတည်ထောင်ခဲ့သော ကျေးရွာထင်းစိုက်ခင်း (၇၅)ဧကအား ချောင်းကောက်ကျေးရွာသို့ စိုက်ခင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစိုက်ခင်းနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကော့ကရိတ်…
Feb 04,2022
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများ သိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် အထက(၁)ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22683
Page
22684
Page
22685
Page
22686
Current page
22687
Page
22688
Page
22689
Page
22690
Page
22691
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department