ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၈၃) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
ထန်းတပင်မြို့တွင် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် ထန်းတပင်မြို့ အခြေခံပညာ အထက်တန်း ကျောင်း၊ ဇရပ်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ လှည်းလမ်းကူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကင်မွန်းချုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အပါအဝင် စာစစ်ဌာန (၄)ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။
ထန်းတပင်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ( ၄၀၃) ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၃၂၀) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၁) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၈၂) ဦး၊ ပြင်ပဖြေဆိုသူ (၁၈၀)ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၁၅၆) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၂၄)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)