(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မင်းလှမြို့နယ်၌ ဂွေးချို တံတားဖွင့်ပွဲအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

အထက်မင်းလှ ဖေဖော်ဝါရီ ၄

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မင်းလှမြို့နယ်၌ ဂွေးချို တံတားဖွင့်ပွဲအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ယမန်နေ့ နံနက် ၈နာရီခွဲက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (မြို့ပြ)တို့က ဂွေးချိုတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့ပြီး၊ ကဗ္ဗည်းမှော်ကွန်း အား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။

မင်းလှမြို့နယ်၌ ဂွေးချိုတံတားတည်‌ဆောက်ရာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာ‌ရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ခွင့်ပြုချထား ပေးခြင်းဖြစ်၍  တည်ဆောက်ခြင်းဖြစ်ရာ၊ တံတား  အရှည် ၂၇၀ ပေ၊ အကျယ် ၂၈ ပေ ရှိပြီး သံကူကွန်ကရစ်တံတားဖြစ်သည်။

အဆိုပါ တံတားတည်ဆောက်ပေးခြင်းဖြင့် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ အနေဖြင့် ပညာရေး၊ ကျန်းမာ‌ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)