ချမ်းမြသာစည် ဖေဖော်ဝါရီ ၄
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဖေဖော်ဝါရီလ ၄ ရက် နံနက်( ၁၀)နာရီ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ကျင်းပပြုလုပ်သည်။ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးမှူးဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲ စည်းကမ်းချက်များ ကိုရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲသို့ KG အဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရ ကျောင်းသုံးဗလာစာအုပ်များကို ချီးမြှင့်ပေးအပ်ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
မြို့နယ်( ပြန်/ဆက်)