ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဆီဆိုင် ဖေဖော်ဝါရီ  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကျောင်းသား လူငယ်များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရတို့ကိုသိရှိ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ ယုဇန ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများက “စိန်ရတုပြည်ထောင်စု နေ့”ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ၍ ပြိုင်ပွဲသို့ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးပြီး ဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

မျိုးမြတ်(ဆီဆိုင်)