ကျောက်ဆည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့ပြနှင့် ကျေးလက်ကွာဟမှုလျော့နည်းစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သပြေဝန်းကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောက်ရွက်လျက်ပေးရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများကို သတ်မှတ်ချိန်ကာလတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာအကူအညီများဖြင့် ကျေးရွာလမ်းကော်မတီမှ တာဝန်ယူပြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းတန်ဖိုး ငွေကျပ် (၁၃၇)သိန်း ခုနှစ်သောင်းကျပ်၊ စုစုပေါင်း ငွေကျပ်(၂၃၇)သိန်းခုနှစ်သောင်း အကုန်အကျခံကာ အရှည် (၁၂၀၀)ပေ၊ အလျား(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်သပြေဝန်းကျေးရွာတွင် VDP စီမံကိန်းဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် သပြေဝန်းကျေးရွာမှ အိမ်ခြေ(၂၈၅)အိမ်၊ လူဦးရေ(၁၄၀၆)ဦးတို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)