သရက်မြို့၍၌ အသက်(၂)လမှ(၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

သရက် ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၂)လမှ (၂)နှစ်အထိကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန် န့ နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်ရှိ ကလေးငယ်များကို ထိုးနှံပေးခဲ့ရာ  ကလေးငယ်(၁၁၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆေးထိုးရန် ကျန်ရှိနေသည့်ကလေးငယ်များကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အသက်(၂)လမှ(၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးရာတွင် အသက်(၂)လ ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ (ပထမအကြိမ်)၊ (၄)လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ဒုတိယ)အကြိမ်၊ (၆လ)မှာ (တတိယအကြိမ်)ထိုးနှံရပြီး အသက်(၉)လမှာ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး(ပထမ)အကြိမ်နှင့် အသက်(၁)နှစ်(ခွဲ)မှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)ဦးနှောက်အမြေှးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို စတုတ္ထ အကြိမ်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)