လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

လှိုင်းဘွဲ  ဖေဖော်ဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးဦးစီးအရာရှိ(တာဝန်ပေး) ဦးစော သော်တာလင်းသန့်က ကလေးငယ်များအနေဖြင့် ကိုယ်လက်လှုပ်ရှာပြုလုပ်ခြင်းဖြင့် ဉာဏ်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူအများရှေ့တွင် ပြောရဲဆိုရဲသော  အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာ ဗဟုသုတများ ရရှိလာစေရန်အတွက် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စိန်ဖရန်စစ်ဇေးဗီးယာမူကြိုကျောင်းမှ မူကြိုကလေးငယ်များအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဘိုရိမ်းပစ်ပြိုင်ပွဲတို့ကို ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ( ပြန် / ဆက်)