နောင်ချို ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးသောက်ပန်းဂျာနယ်ပါ စာရေးဆရာမ မေဇွန်အေး ၏“ မိတ်ဆွေကောင်းဆိုတာ ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟု သုတရရှိစေရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Olineမှတစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် နောင်ချိုပြည်သူ့ စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)