သံတွဲ ဖေဖေါ်ဝါရီ ၈
သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမ၌ ဆက်လက်ထိုးပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ကို Covid Chield နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၅၀နှစ်နှင့်အထက်ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ရှိ ဝန်ထမ်းများအားလုံးတို့ကို ဦးတည်အုပ်စုများအဖြစ် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ပြည်ထဲ ရေးဝန်ကြီးဌာနမှဝန်ထမ်း (၇၈)ဦး၊ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း(၆၇၂)ဦး စုစုပေါင်း (၇၅၀)ဦးတို့အား ထိုးနှံပေးခဲ့သည်။
ထို့အပြင် သံတွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုး စင်တာ(၁၀)ခုတွင် သတ္တမ အသုတ် (ပထမ)အကြိမ်အဖြစ် Coviaxin ကာကွယ်ဆေးထိုးနှံသူ နိုင်ငံ့ ဝန်ထမ်း ၁ ဦး အခြား ဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦး၊ မှီခိုသူ ၂၆ ဦး စုစုပေါင်း (၅၀)ဦးနှင့် ပဉ္စအသုတ်(ဒုတိယအကြိမ်) Sinopharm ကာကွယ်ဆေးကို အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင်သူ ၁၉ ဦး၊ မှီခိုသူ ၁၁ ဦး စုစုပေါင်း (၃၀)ဦးတို့အား ထိုးနှံပေးခဲ့သည်။
ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးလျက် ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆရာ ဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)