လှိုင်သာယာ(အနောက်ပိုင်း) ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်ကစတင်၍ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးကိုကိုနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ် ရေးမှုးရုံသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဆောင်ရွက်သည့် ရည်ရွယ်ချက် နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး၊ စနစ်တကျကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကိုအသိပညာပေး၍ အိမ်ထောင်စုလူဦးရေစာရင်း(၄)စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၅)ခုဆောင်ရွက်ပေးခဲ့ ပြီးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေး လျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင်အမြဲနေထိုင်ကာအိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင် ဆောင် လက်မှတ် မရှိသူများ၊လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်း မရှိသူများနှင့်ရွေ့ပြောင်း နေသူများအနေဖြင့်မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက် မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
ဝေဝေ(ပြန်/ဆက်)