ရပ်စောက်၌ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက ဖတ်ကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးစိုးနိုင်က ဖတ်ကြားသည်။

ယင်းနောက် ၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မခင်လေးပြုံး၊ ဒုတိယဆုရရှိသည့် မောင်သိန်းဌေး၊ တတိယဆုရရှိသည့် မောင်ပြည့်ဖြိုးမောင်၊ မောင်ဆိုင်းသူနှင့် မောင်ဖိုးလုံးတို့အား လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မစုအိန္ဒြေ၊ တတိယဆုရရှိခဲ့သည့် မကေသီလှိုင်၊ မဖြိုးပပလွင်နှင့် မရတနာခိုင်တို့အားလည်းကောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စိတ်စေတနာထက်သန်စွာဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)